Friday, October 31, 2014

myKyat မိုဘိုင်းဖုန်းဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း စတင်ရန်စီစဉ်


မိုဘိုင်းဖုန်းဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် myKyat Mobile Money ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်း စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း Frontier Technology Partners မှ စီအီးအို Tim Scheffmann က ပြောသည်။

myKyat Mobile Money ဝန်ဆောင်မှုမှာ မိုဘိုင်းဖုန်းများအချင်းချင်း ငွေလွှဲပေးပို့နိုင်ရုံမက ဈေးဝယ်ယူခြင်း၊ လစာငွေများလွှဲခြင်း၊ စားသောက်ကုန်များဝယ်ယူခြင်း၊ ဖျော်ဖြေရေး ကိစ္စရပ်များအတွက် ငွေလွှဲခြင်း အစရှိသည့် ဝန်ဆောင်မှုများကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါဝန်ဆောင်မှုအတွက် ကိုယ်စားလှယ် ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

“myKyat Mobile Money ကို ကျေးလက်ဒေသမှာရှိတဲ့ သူတွေအတွက် အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုတဲ့သူတွေအနေနဲ့ www.mykyat.com ဝက်ဘ်ဆိုက်မှာ သတင်းအချက်အလက်တွေကြည့် ဖောင်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်၊ ဒါမှမဟုတ်လည်း ရုံးကို ဆယ်သွယ်နိုင်ပါတယ်” ဟု Tim Scheffmann ကပြောသည်။

myKyat Mobile Money ဝန်ဆောင်မှုအတွက် ပထမပုဂ္ဂလိကဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊ ဝန်ဆောင်မှု အသုံးပြုရန်အတွက် ဘဏ်အကာင့်ရှိရန် လိုမည်မဟုတ်ကြောင်းသိရသည်။

No comments:

Post a Comment