Friday, October 31, 2014

စွပ်စွဲခံ မြန်မာလူငယ် ၂ ဦး သံခြေချင်းခတ်ဘ၀က လွတ်မြောက်


Friday, October 31, 2014

လိပ်ကျွန်းလူသတ်မှုမှာ သံသယရှိသူအဖြစ် ကော့စမွီခရိုင်တရားရုံးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ထောင်အာဏာပိုင်တွေက သံခြေချင်းခတ်ထားရာကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ပြန်ဖြုတ်ပေးလိုက်ပြီလို့ ဒီကနေ့ သူတို့ကို

သွားတွေ့ခဲ့တဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ် အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

သံသယရှိသူ ၂ ဦးဟာ တရားရုံးက အပြစ်ရှိတယ်လို့ စီရင်ချက်မချမချင်း တရားခံတွေမဟုတ်ဘဲ အပြစ်ကင်းသူတွေ ဖြစ်နေတဲ့အတွက် သူ့တို့ကို သံခြေချင်းဖြုတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းနဲ့ ရှေ့နေတွေက အောက်တိုဘာ ၂၂ ရက်နေ့မှာ အကျဉ်းထောင်အာဏာပိုင်တွေကို တောင်းဆိုခဲ့တာပါ။

DVB

No comments:

Post a Comment