Tuesday, December 13, 2016

KIAအဖွဲ့မှစီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေး ငွေများ ကောက်ခံ

12-12-2016
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ ထံမှ ရိက္ခာဆန်များ ၀ယ်ယူနိုင်ရေးအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ၍ KIA အဖွဲ့မှ အမာခံများမှတစ်ဆင့် ဆက်ကြေးငွေများအား လိုက်လံကောက်ခံလျက်ရှိကြောင်း ယင်းစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
“ဟုတ်ပါတယ်၊ သူတို့အဖွဲ့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့လို ကျောက်လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေဆီက ဆက်ကြေးငွေတွေကို လိုက်လံကောက်ခံနေကြပါတယ်၊ ဆက်ကြေးငွေကောက်ခံတဲ့အခါမှာလည်း သူတို့အဖွဲ့က အရင်ကထက် အများကြီးပိုတောင်းလာတယ်၊ အရင်တုန်းကတော့ ကျွန်တော်တို့ ကျောက်လုပ်တဲ့ သူတွေကတစ်ဦးကို ၁၀ သိန်းပဲ ပေးရတယ်၊ အခု သိန်း ၃၀ တောင် ပေးလိုက်ရတယ်၊ ကျွန်တော်တို့အပြင် တခြားလုပ်ငန်းရှင်တွေဆီကိုလည်း လိုက်ကော
က်နေတယ်လို့ သိရတယ်”ဟု ကျောက်လုပ်ငန်းရှင်တစ်ဦးမှ ပြော ပါသည်။
KIA အဖွဲ့သည် ဖားကန့်မြို့နယ်အတွင်းရှိ လက်အောက်ခံစခန်းများအလိုက် တာဝန်ခံများအား လိုအပ်သည့် ရိက္ခာဆန်များဝယ်ယူနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောက်ရောင်းဝယ်လုပ်ကိုင်သူများထံမှ ၁ ဦးလျှင် ငွေကျပ်သိန်း ၂၀ မှ သိန်း ၃၀ အထိ ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ၍ လိုက်လံကောက်ခံလျက်ရှိ ကြောင်း သိရှိရပါသည်။
KIA အဖွဲ့အနေဖြင့် တပ်မတော်စစ်ကြောင်းများမှ ဖားကန့်ဒေသအား ဆန်၊ စက်သုံးဆီများ အ၀င်အထွက်အား ထိန်းချုပ်ဆောင်ရွက်လာပါက ရိက္ခာအခက်အခဲဖြစ်ပေါ်လာနိုင်သည့်အတွက် ဆန်နှင့် အခြားစားသောက်ကုန် များအား ၀ယ်ယူသိုလှောင်ရန်အတွက် ဆက်ကြေးငွေများအား စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေခြင်း ဖြစ်နိုင်ကြောင်းနှင့် အဆိုပါ ဆက်ကြေးငွေများအား ၎င်းတို့၏အမာခံများမှ လိုက်လံကောက်ခံပေးနေကြောင်း ဖားကန့်မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
ဇော်လူ

No comments:

Post a Comment