Wednesday, December 14, 2016

ရိုဟင်ဂျာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ကြောင်း သမိုင်းအထောက်အထား အပြည့်အစုံနဲ့ ထုတ်ဝေမယ် -


မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးနဲ့အသုံးအနှုန်း ဘယ်ကာလကမှ မရှိခဲ့ကြောင်းကို ရှေးမြန်မာ့သမိုင်းရာဇဝင်၊ သမိုင်းမှတ်တမ်းစာအုပ်တွေနဲ့ ရေးသားပြုစုပြီး အထောက်အထားတွေ ဝေဝေဆာဆာနဲ့ ထုတ်ဝေဖြန့်ချိသွားမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို ထုတ်ဝေဖြန့်ချိမှု မလုပ်ခင်မှာ သမိုင်းပညာရှင်တွေက မြန်မာ့သမိုင်းထဲက တိုင်းရင်းသားလူမျိုးနဲ့ မျိုးနွယ်စုတွေထဲမှာ ရိုဟင်ဂျာ စကားလုံးနဲ့အသုံးအနှုန်း ဘယ်တုန်းကမှ မရှိခဲ့ကြောင်းကို အေ ရှေးမြန်မာ့သမိုင်းရာဇဝင်၊ ခေတ်အဆက်ဆက် ရေးသားပြုစုခဲ့တဲ့ သမိုင်းမှတ်တမ်းစာအုပ်တွေ၊ အထောက်အထားအကိုးအကားတွေ ပြည့်ပြည့်စုံစုံနဲ့ ရေးသားပြုစုပြီး နိုင်ငံေ
တ်ာသမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဆီကို တင်ပြပြီး အတည်ပြုချက် ရယူသွားမှာ ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ သမိုင်းပညာရှင်တွေပါဝင်တဲ့ မြန်မာ့သမိုင်းဖြစ်ရပ်မှန် ရေးသားပြုစုရေးအဖွဲ့နဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့ဆုံပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့လည်း သမိုင်းမှန်ပေါ်ပေါက်ရေးဆောင်ရွက်နေတဲ့ကိစ္စတွေကိုလည်း နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေဆီကိုလည်း တင်ပြခဲ့ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အရင်ကတည်းက မရှိခဲ့တဲ့ ရိုဟင်ဂျာဆိုတာကို ပြည်တွင်း၊ ပြည်ပ မလိုလားသူတွေက လှုံ့ဆော်ရေးသားပြီး မြန်မာနိုင်ငံအရေး ဝင်ရောက်စွက်ဖက်ပြောကြားနေတာပဲ ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။
ရိုဟင်ဂျာဆိုတဲ့ စကားလုံး၊ အသုံးအနှုန်းဟာ မြန်မာနိုင်ငံ ပါလီမန်ဒီမိုကရေစီခေတ်က မောင်တောနဲ့ ဘူးသီးတောင် မဲဆန္ဒနယ် လွှတ်တော်အမတ် အဗ္ဗဒူဂဇားက သင်္ဘောပျက်ပုံပြင်ကို လုပ်ကြံဖန်တီးပြီး ပြည်ထဲရေးဝန်ကြီးနဲ့ အတွင်းဝန်ဆီကို ၁၉၄၈ ခုနှစ်က အစီရင်ခံစာပေးပို့ရာမှာ ထည့်သွင်းဖော်ပြရာကနေ စတင်ပေါ်ပေါက်လာတာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
MCN

No comments:

Post a Comment