Monday, August 25, 2014

အညာဒေသအချို့ မိုးခေါင်၍ သောက်သုံးရေပြတ်လပ်

 မြန်မာနိုင်ငံအလယ် ပိုင်းဒေသအချို့တွင် မိုးခေါင်ရေရှားသောကြောင့် သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပွားလျက်
ရှိကြောင်း ဒေသခံများက ပြော သည်။
ယခုနှစ်မိုးရာသီတွင် လ ပေါင်းများစွာ မိုးခေါင်ခြင်းကြောင့်ကန်ရေကို အဓိကထားအသုံးပြု နေရသည့်
ပခုက္ကူနှင့် မြိုင်မြို့နယ် အတွင်းရှိ ကုန်းတွင်းကျသည့် ကျေးရွာအချို့၌ သောက်သုံး ရေပြတ်လပ်မှုများ ကြုံတွေ့နေရ ကြောင်း ဒေသခံများကပြော သည်။
‘‘မိုးရေ အဓိကထားပြီး သောက်ရသုံးရတဲ့ ကုန်းတွင်း နည်းနည်းကျတဲ့ရွာတွေမှာဆိုရင် သောက်သုံးရေပြဿနာရှိတယ်။ ရှိတဲ့ ရေတွင်းတွေကလည်း ငန်လို့ လူသောက်လို့မရတဲ့အခြေအနေ ဖြစ်နေတယ်’’ဟု သောက်သုံးရေ ရှားပါးမှုများကို အကူအညီပေးနေ သည့် ပခုက္ကူမြို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးသက် ကြူကပြောသည်။
အလားတူမိတ္ထီလာမြို့နယ်  အတွင်းရှိ ကန်ရေအားထားနေရ သည့်ကျေးရွာအချို့သည်လည်း မိုးရွာသွန်းမှုတစ်လခန့်နောက်ကျ  သောကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပွားလျက်ရှိ ကြောင်း ဒေသခံများက ပြော သည်။
‘‘မိုးလ တစ်လလောက် နောက်ကျတော့ ကန်ကိုအားထား နေရတဲ့ ရွာတွေဒုက္ခရောက်ကြ တယ်။ မိုးရွာတော့ ကန်ရေပြန်ရ ရင်လည်း အနည်ထိုင်အောင် စောင့်ရတာနဲ့ ချက်ချင်းသောက် လို့မရဘူး။ ဒီနှစ်ကလူတွေ တော် တော်ဒုက္ခရောက်ကြတယ်’’ဟု မိတ္ထီလာမြို့နယ်အတွင်းရှိ တောင် သူလယ်သမားအရေးတက်ကြွ လှုပ်ရှားသူဦးကျော်စိန်က ပြော သည်။
ယခုနှစ်တွင် ဒေသအချို့၌ နေရာကွက်ကျားမိုးခေါင်ရေရှား မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်း များလည်း နှောင့်နှေးလျက်ရှိ သည်။

No comments:

Post a Comment