Tuesday, August 26, 2014

ချို့ယွင်းချက်ရှိသည့် iPhone 5 ဘက်ထရီများကို Apple အခမဲ့ လဲလှယ်ပေးမည်


Tuesday, August 26, 2014

စွမ်းအင် လျင်မြန်စွာ ကုန်ခမ်းလေ့ရှိသည့် iPhone 5 ဘက်ထရီများကို အခမဲ့ လဲလှယ်ပေးမည့် အစီအစဉ်အား Apple မှ စတင်လိုက်သည်။

Apple ကုမ္ပဏီက အရေအတွက် အနည်းငယ်သာရှိသော iPhone 5 များ၏ ဘက်ထရီသည် လျင်မြန်စွာ ကုန်ခမ်းသောကြောင့် ကြိမ်ဖန်များစွာ အားပြန်သွင်းရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ရောင်းချခဲ့သည့် iPhone 5 ၏ ဘက်ထရီများကို အခမဲ့

လဲလှယ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘက်ထရီ အခမဲ့ လဲလှယ်ပေးမည့် iPhone 5 ၏ serial number ကို Apple ဆိုက်တွင် ကြည့်ရှုစစ်ဆေးနိုင်မည် ဖြစ်သည်။

Apple သည် iPhone 5 ဘက်ထရီ အခမဲ့ အစားထိုး လဲလှယ်ပေးခြင်း အစီအစဉ်မျိုးကို အခြားသော Apple ထုတ်ကုန်များ အတွက်လည်း ပြုလုပ်ခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်က iPhone 5S အချို့တွင် ဘက်ထရီ လျင်မြန်စွာ ကုန်ခမ်းမှုကြောင့် အစားထိုး လဲလှယ်မှု ပြုလုပ်ခဲ့သလို ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တွင်လည်း အပူလွန်ကဲမှု ဖြစ်ပွားသည့် laptop ဘက်ထရီ ၂ သန်းခန့်ကို ပြန်လည်သိမ်းဆည်းခဲ့သည်။

iPhone 5 ဘက်ထရီ အစားထိုး လဲလှယ်ပေးမည့် အစီအစဉ်ကို အမေရိကန်နှင့် တရုတ်နိုင်ငံတွင် သြဂုတ်လ ၂၂ ရက်မှ စတင်ခဲ့ပြီး အခြားသော နိုင်ငံများတွင် သောကြာနေ့၌ စတင်မည် ဖြစ်သည်။ ဘက်ထရီ အစားထိုး လဲလှယ်ခြင်းကို Apple authorized service provider နှင့် Apple retail store တွင် ပြုလုပ်နိုင်သလို Apple technical support မှတစ်ဆင့်လည်း ပြုလုပ်နိုင်မည် ဖြစ်သည်။ ဘက်ထရီ အစားထိုး လဲလှယ်ရန်အတွက် iTunes သို့မဟုတ် iCloud တွင် အချက်အလက်များကို back up ပြုလုပ်ထားသင့်ကြောင်းနှင့် Find my iPhone feature ကို ပိတ်ထားပြီး data and settings အားလုံးကို ဖျက်သင့်ကြောင်း Apple က အကြံပြုထားသည်။

Ref: CNET
Internet Journal

No comments:

Post a Comment