Thursday, August 7, 2014
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ ၀မ်မန်းအုပ်စု၊ ၀မ်ရှဲန်ကျေးရွာနေ အုပ်ချုပ်ရေးမှူးအား သြဂုတ် ၅ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/
``ရွာထဲဝင်လာပြီး အုပ်ချုပ်ရေးမှူးကို ဖမ်းခေါ်သွားတော့ အားလုံးလန့်ကုန်ကြတာပေါ့၊ ယောက်ျားမှန်သမျှ ရွာပြင်ထွက်ပြေးတော့တာ၊ ရွာထဲမှာ မိန်းမတွေပဲ ကျန်တယ်´´ ဟု ယင်းရွာမှ ဒေါ်နန်းကျိန်ခမ်းက ပြောသည်။
အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများသည် နမ့်ပန်းဒေသ၌ပါဝင်ပြီး NDAA(မိုင်းလား)အဖွဲ့၏ လှုပ်ရှား နယ်မြေဖြစ်ကြောင်း၊ RCSS/SSA အဖွဲ့မှ နယ်မြေကျူးကျော်လာမှုအပေါ် ချက်ချင်းထွက်ခွာသွားရန် NDAA (မိုင်းလား)အဖွဲ့က သတိပေးထားကြောင်း သိရသည်။
``ဆက်ကြေးမပေးလို့လည်း ဖြစ်နိုင်တယ်၊ ရိက္ခာမပေးတာလည်း ဖြစ်နိုင်တယ်၊ ရွာသားတွေကတော့ လူသစ်စု ခံရမှာကြောက်လို့ ထွက်ပြေးလာကြတာလို့ သိရတယ်´´ ဟု မိုင်းယောင်းမြို့ခံ တစ်ဦးက ပြောသည်။
RCSS/SSA အဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးအိုက်အမ်အား ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် ရွာသို့ ၎င်းအဖွဲ့က စာရေး ဆက်သွယ်လာကြောင်း၊ စာထဲတွင် ဆန်(၆)ပုံးနှင့် ငွေ(၂)သိန်းပေးမှ အုပ်ချုပ်ရေးမှူးအား ပြန်လွှတ်မည် ဖြစ်ကြောင်း၊ ၎င်းအဖွဲ့ရှိသောနေရာနှင့် (၁၀)ကိုက်အကွာတွင် ဆန်နှင့် ငွေအား မိန်းကလေးများသာ လာထား ရန်နှင့် ထားပြီးပါက နောက်ပြန်လှည့်သွားရန်ဟု ပါရှိကြောင်း သိရသည်။
``ရွာထဲမှာ ယောက်ျားတွေက တစ်ယောက်မှ မရှိတော့ဘူး၊ စာထဲမှာလည်း မိန်းကလးတွေပဲလာပို့ရမယ်ဆို
RCSS/
ကောင်းစံ(ရှမ်း/မြောက်)
Shan News
Photo: RCSS/
No comments:
Post a Comment