Friday, August 1, 2014

ကိုလံဘီယာ ကွင်းလယ်လူ ကွန်တီနိုကို ခေါ်ယူရန်အတွက် ပေါ်တိုနှင့် ဆွေးနွေးနေသည့် အာဆင်နယ်အသင်း


 Friday 1 August  2014

အာဆင်နယ် အသင်းသည် ကိုလံဘီယာ ကွင်းလယ်လူ ဂျူအန် ကွန်တီနိုကို ခေါ်ယူရန်အတွက် ပေါ်တိုအသင်းနှင့် စကားပြောဆိုခဲ့ကြောင်း သိရှိရသည်။

ကွန်တီနိုသည် (၂၀၁၄)ဘရာဇီး ကမ္ဘာဖလား ပြိုင်ပွဲဝင် ကိုလံဘီယာအသင်းတွင် ပါဝင်ခဲ့ပြီး ကိုလံဘီယာ အသင်း၏ ကမ္ဘာဖလား အုပ်စုအဖွင့် ပွဲစဉ်တွင် ပါဝင်ကစားခွင့်ကို မရခဲ့သော်လည်း အုပ်စုဒုတိယ ပွဲစဉ်အဖြစ် အိုင်ဗရီကို့စ်နှင့် ကစားခဲ့သည့် ပွဲတွင် လူစားဝင်ရောက် ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ကာ ပွဲထွက်ခွင့်ကို တောက်လျှောက် ရခဲ့သည်။ သို့သော်လည်း ၎င်းသည် အိမ်ရှင်အား ရှုံးနှိမ့်ခဲ့သည့် ကွာတာဖိုင်နယ် ပွဲတွင် ၁၀မိနစ်သာ လူစားဝင်၍ ပွဲကစားခွင့်ကို ရခဲ့သည်။

ကစားသမား၏ အေဂျင့်ဖြစ်သူ မာရီယာ အယ်လီနာ ချာဗာရိုကလည်း ယခုသတင်းကို တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ ၎င်း၏တွစ်တာ စာမျက်နှာတွင်-

ဒီနေ့ ကွန်တီနိုဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ အင်္ဂလန်နိုင်ငံကို ခရီးထွက်သွားခဲ့ပါပြီး။ အာဆင်နယ်ဟာ သူကို ခေါ်ဖို့အတွက် ပေါ်တိုအသင်းကို ယူရိုသန်း၂၀ပေးချေသွားမှာပါ။ ဂုဏ်ယူပါတယ်။ဟု ရေးသားဖော်ပြခဲ့သည်။

ယမန်နှစ် အသက်(၂၀)နှစ်အောက် လူငယ် ကမ္ဘာဖလားပြိုင်ပွဲအတွင်း ကွန်တီနို၏ ခြေစွမ်းကို မြင်တွေ့ခဲ့ဖူးသည့် မန်ယူနောက်ခံလူဟောင်း ရိုယို ဖာဒီနန်ကလည်း ၎င်း၏ခြေစွမ်းခြေစအပေါ် ယခုကဲ့သို့ ချီးမွန်း ပြောဆိုခဲ့ဖူးသည်။

လွန်ခဲ့တဲ့နှစ်က ကျွန်တော်ဟာ အသက်(၂၀)နှစ်အောက် လူငယ် ကမ္ဘာဖလား ပြိုင်ပွဲကို ကြည့်ရှူခဲ့ပြီး ကိုလံဘီယာအတွက် ကစားပေးနေတဲ့ ဂျူအန် ကွန်တီနိုဆိုတဲ့ ချာတိတ်ရဲ့ ခြေစွမ်းကို မျက်စိတွေ့ခဲ့ပါတယ်။ သူရဲ့ ဘောလုံးရယူပုံမျိုးက ကျွန်တော်တို့ နိုင်ငံထဲက လူငယ်ဘောလုံးသမားတွေ ဘောလုံးရယူသလိုမျိုး မဟုတ်ဘူး ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်ဟု ပြောဆိုသွားခဲ့သည်။

No comments:

Post a Comment