Friday, August 1, 2014

မော်တော်ယာဉ်သက်တမ်းတိုးခြင်းများကိုလာမည့်ဘဏ္ဍာနှစ်မှ စတင်ကာနေ့ချင်းပြီးဆောင်ရွက်ပေးမည်



Friday 1 August 2014

-ရန်ကုန်မြို့ရှိမော်တော်ယာဉ်များ သက်တမ်းတိုး ရာတွင် One Stop Service အဖြစ် ဆောင်ရွက်မှုကို လာမည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် စတင်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးချန်မောင်ကပြောသည်။


ဇူလိုင် ၃၁ရက်က ကျင်းပပြုလုပ် သည့် ပထမအကြိမ်အမျိုးသားလွှတ် တော်ဒသမပုံမှန်အစည်းအဝေး ၃၇ရက် မြောက်နေ့အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၃)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်၏ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မော်တော်ယာဉ်များသက် တမ်းတိုးရာတွင် မော်တော်ယာဉ်အာမခံ
(သူတစ်ပါးထိခိုက်မှုအာမခံ)ကို မြန်မာ့အာမခံ ရုံးတွင် သွားရောက်ပြုလုပ်နေရသဖြင့် One Stop Service အဖြစ် လုပ်ကိုင် ပေးနိုင်ရန်အစီအစဉ် ရှိ/မရှိ မေးခွန်း အား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးချန်မောင်က '' ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများမှာ One Stop Service နဲ့ ဆောင်ရွက်နိုင်ရေးအတွက် ပရီမီယံ ကြေးလက်ခံနိုင်ဖို့ မြန်မာ့ အာမခံ ရုံးချုပ်နဲ့ Network ချိတ်ဆက်ခြင်း၊ လုံလောက်တဲ့ဝန်ထမ်းအင်အား ဖြည့် စွက်ခန့်ထားခြင်းနဲ့ ကွန်ပျူတာ၊ ဆာဗာနဲ့ ဆက်စပ်ပစ္စည်းများရရှိရန် လိုအပ်ခြင်းတို့အတွက် ပြင်ဆင်ရန် ဆောင်ရွက်ရမည့်ဖြစ်တဲ့အကြောင်း နဲ့ အဲဒီလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်မှစပြီး ရန်ကုန်မြို့မှာ နှစ်လဲ သက်တမ်းတိုးဆောင်ရွက်ပေးတဲ့ ကညနရုံးတွေမှာ မြန်မာ့အာမခံလုပ် ငန်းက One Stop Service အဖြစ် ပါဝင်လုပ်ကိုင် ဆောင်ရွက်ပေးမယ် လို့ ညှိနှိုင်းရခဲ့ပါတယ်'' ဟု ဆိုသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် မော်တော် ယာဉ်သက်တမ်းတိုးရာ၌ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ မှ ဘီးခွန်၊ ရပ်နားခွန်၊ ညအိပ်ခွန်များ ကို ကောက်ခံဖို့အတွက်လည်းကောင်း၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ယာဉ်မှုစစ်အ ဖွဲ့မှ ရဲပြစ်မှု ပြစ်ဒဏ်ရှိ/မရှိစစ် ဆေးပေးခြင်း၊ ပြစ်ဒဏ်ရှိလျှင်ဒဏ် ကြေးပေးဆောင်စေခြင်းများကို လည်း ကောင်း၊ ယာဉ်သက်တမ်းတိုးဆောင် ရွက်စဉ်တွင် ဆောင်ရွက်နိုင်သော် လည်း သူတစ်ပါးထိခိုက်မှုအာမခံကြေး ကို မြန်မာ့အာမခံရုံးတွင် သွားရောက် ပေးသွင်းနေရကြောင်း သိရသည်။
ဦးချန်မောင်က ''ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုရုံးများမှာ သူ တစ်ပါး ထိခိုက်မှု အာမခံကြေးတစ် ပါတည်း ပေးသွင်းရေးနဲ့ပတ်သက် ပြီး ကညနအနေနဲ့ ရုံးအဆောက်အ အုံ ပေးနိုင်ကြောင်းနဲ့ အာမခံရုံးခွဲ တစ်ခု ကျွန်တော်တို့ ရုံးထဲမှာ လာ ရောက်ပြီး ဖွင့်လှစ်နိုင်ရေး ကိစ္စ မြန် မာ့အာမခံလုပ်ငန်းနဲ့ ညှိနှိုင်းခဲ့ပါတယ်'' ဟု ဆိုသည်။
လက်ရှိ မြန်မာ့အာမခံလုပ်ငန်း အနေဖြင့် ရန်ကုန်မြို့ရှိ မြန်မာ့အာမ ခံရုံးချုပ်တွင် သူတစ်ပါး ထိခိုက်မှု အာမခံ ပရီမီယံကြေးငွေလက်ခံကောင်တာ ခုနစ်ခု ဖွင့်လှစ်ကာ နေ့စဉ်နံနက် ၉နာရီမှ ကောင်တာပိတ်ချိန် ၁၅နာ ရီဖြင့် တစ်ရက်လျှင် ယာဉ်စီးရေ ပျမ်းမျှ ၂ဝဝဝ မှ ၂၅ဝဝ အထိ ကွန် ပျူတာစနစ်သုံးကာ လက်ခံဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင် သူ ဦးဇော်လင်းက '' အခုခေတ်ထဲ မှာ ဌာနဆိုင်ရာ အားလုံးကလုပ်ငန်း ဆောင်ရွက်တာတွေကို လွယ်ကူ ဆောင်ရွက်ပေးနေတဲ့ အချိန်မှာ အာ မခံကြေးလေး တစ်ခုအတွက် တစ် နေရာကို ထပ်သွားနေရတာ အဓိ ပ္ပာယ်သိပ်မရှိဘူး။ အရင်တုန်းက ပတ်စပို့လုပ်ရင် အရမ်းကြာတယ်။အခု တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရုံးခွဲတွေဖွင့်ပြီး အဆင်ပြေအောင် လုပ်ပေးနေတယ်။ အဲဒါမျိုးကိုနမူနာ ယူပြီး ဆောင်ရွက် ပေးသင့်တယ်၊ အာမခံရုံးက ရန်ကုန်မြို့လယ်မှာဆိုပေ မယ့် ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆို ရင် ကားရပ်ဖို့နေရာ အခက်အခဲရှိ တာနဲ့ ဘယ်လိုမှ အဆင်မပြေဘူး'' ဟု ဆိုသည်။

Democracytoday

No comments:

Post a Comment