Wednesday, August 27, 2014

ကျေးသီးမြို့နယ်အတွင်းစစ်ရေးတင်းမာမှုများအတွက် နှစ်ဖက်တပ်များဆုတ်ခွာရန် သမ္မတညွှန်ကြားခဲ့ဟုဆို




သြဂုတ် ၂၇ ရက်၊ ၂၀၁၄ ခုနှစ်

ကျေးသီးမြို့ နယ် တာဖာဆောင်ဒေသအတွင်း တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်များအကြား သုံးလ ကြာစစ်ရေးတင်းမာမှုများ ဖြစ်ပွားနေ ရာ နှစ်ဖက်တပ်များ ဆုတ်ခွာရန် သမ္မတကညွှန်ကြားခဲ့ကြောင်း သိရ သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA/SSPP မှ တာဝန်ရှိသူများသည်

ဩဂုတ်၂၅ ရက် က နေပြည်တော် ရှိ တောင်သူပညာပေး စက်မှုလယ်ယာ စံပြစိုက်ခင်း ဧက၅၀ဝရှိ အဆင့်မြင့် သစ်သီးဝလံအအေးခန်းနှင့် ထုပ်ပိုး စက်ရုံတွင်တွေ့ဆုံခဲ့ကြပြီး ကျေးသီး မြို့နယ် တာဖာဆောင်ဒေသအတွင်း ရှိ ကျေးရွာများတွင် နှစ်ဖက်တပ်များ အလွန်နီး ကပ်စွာ နေရာယူတပ်စွဲမှု များရှိနေသည့်အတွက် နှစ်ဖက်တပ် များကို ဆုတ်ခွာရန် ညွှန်ကြားခဲ့ ကြောင်း SSA/SSPP အဖွဲ့မှအထွေ ထွေအတွင်းရေးမှူး ဦးစဝ်ခွန်ဆိုင် က ပြောသည်။

''သမ္မတနဲ့တွေ့တော့ အဲဒီကျေး သီးမြို့နယ်အတွင်း က စစ်ရေးတင်း မာမှုတွေနဲ့ပတ်သက်ပြီး ပြောပြဖြစ် တယ်။ အဲဒီတော့ သမ္မတ က ကျွန်တော် တို့ဘက်ကိုလဲ နောက်ကိုဆုတ်ခွာပေး ဖို့ ညွှန်ကြားခဲ့သလို တပ်မတော်ဘက် ကိုလဲ နောက်ဆုတ်ပေးဖို့ ညွှန်ကြား မယ်လို့ ကတိပြုခဲ့တယ်''ဟု သမ္မတ နှင့်တွေ့ဆုံရာတွင်ပါဝင်ခဲ့သည့် ဦးစဝ် ခွန်ဆိုင်က အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်ပြီး ရှမ်းပြည်တပ်မတော်မြောက် ပိုင်း SSA/SSPP ဌာနချုပ် ဝမ်ဟိုင်း နှင့် မိုင်နှစ်ဆယ်ကျော် ခန့်အကွာတွင် တည်ရှိသည့် တာဖာဆောင်ဒေသရှိ ကျေးရွာများတွင် နှစ်ဖက်တပ်များ အလွန်နီးကပ်စွာဝင်ရောက်နေရာ ချထားမှုများဖြစ်ပေါ်ခဲ့ပြီး ရာနှင့်ချီ သည့် ဒေသခံများမှယခုအချိန်အ ထိ နေရပ်စွန့်ခွာထွက်ပြေးမှုများရှိနေခဲ့ သည်။

တိုက်ပွဲများဖြစ်ပွားမှုမရှိသေး သော်လည်း ရွာထဲအထိ တစ်ဖက် နှင့် တစ်ဖက်ဝင်ရောက်နေရာယူမှု များကြောင့် ဒေသခံ များမှာ ယခုအချိန် အထိ မူရင်းနေရပ်ကို မပြန်ရဲသေး ကြောင်းလည်းဒေသခံလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် အရေးကြီးအဆို အဖြစ် တင်သွင်းမှုများရှိခဲ့သော်လည်း တစ်စုံတစ်ရာ ပြေလည်မှု မရှိခဲ့ပေ။ စစ်ရေး၊ စီးပွားရေးအရ မဟာ ဗျူဟာကျသည့်နေရာတွင် တည်ရှိ သည့် တာဖာဆောင်တံတားအနီး တံတားထိပ် တစ်ဖက် စီတွင် တပ်မတော် နှင့် SSA တပ်ဖွဲ့များ ယခု ဩဂုတ်လ ၂ဝရက်ကျော်အထိ အခြေချတပ်စွဲ မှုများရှိနေကြောင်း SSA တာဝန်ရှိသူ များက ပြောဆိုသည်။

''နေပြည်တော်ကို လာတဲ့ ပြီး ခဲ့တဲ့ရက်ပိုင်းအထိ နှစ်ဖက်တပ်တွေ အဲဒီနေရာမှာ ရှိနေဆဲပဲ။ သမ္မတရဲ့ ညွှန်ကြားမှုကြောင့်ပြေ လည်သွားမယ် လို့ မျှော်လင့်တယ်''ဟု ဦးစဝ်ခွန်ဆိုင် က ပြောသည်။

Yangon Media Group

No comments:

Post a Comment