Thursday, August 7, 2014

ပြည်ပဥပဒေအတိုင်ပင်ခံများနှင့်ဆွေးနွေးပြီး အပစ်ရပ်မူကြမ်းကို အစိုးရထံပေးပို့မည်



Thursday, August 7, 2014

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး ညီလာခံမှရရှိခဲ့သည့် အပစ်အခတ်ရပ် စဲရေးသဘောတူညီချက်မူကြမ်း ၁၈ ချက်ကို ပြည်ပမှ ဥပဒေအတိုင်ပင်ခံ များနှင့်ဆွေးနွေးကာ အစိုးရထံသို့ပေး ပို့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်အ ချောကိုအစိုးရထံပေးပို့ပြီးသဂုတ် ၁၅ရက်ဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာငြိမ်းချမ်း ရေးဖော်ဆောင်သူတို့ MPC ၌ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တချို့ကဆိုသည်။
''လက်နက်ကိုင်အဖွဲ့တွေကတော့ သြဂုတ် ၁၈ ရက်နဲ့ ၂ဝရက်တွေလောက် မှအချိန်ရတယ်ဆိုတော့ အစိုးရဘက် ကျတော့ တခြားအစီအစဉ်တွေ ရှိနေ တယ်။ သြဂုတ် ၁၅၊ ၁၆ရက်လောက် ကြိုးစားပေးပါဆိုတာနဲ့ တချို့ကလဲ ခွန် ဥက္ကာနဲ့ညှိပြီး ချက်ချင်းအကြောင်းပြန် ပေးပါမယ်ဆိုတော့ သြဂုတ် ၁၅၊ ၁၆ ရက်က ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီနေ့ မတိုင်ခင်တော့ လိုင်ဇာမှာသဘောတူ ထားတဲ့အချက်တွေကိုအချောရေးပြီးမှ အစည်းအဝေးအမီပို့ပေးဖို့လဲ အချောထုတ် ပြီးသားဖြစ်ပါလိမ့်မယ်'' ဟု ကချင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အ ဖွဲ့(PCG)မှ ဦးစန်းအောင်က ပြောသည်။
တတိယအကြိမ်ထိပ်သီးညီလာခံ မှရရှိခဲ့သည့်သဘောတူညီချက် ၁၈ ချက် တွင် မည်သည့်အချက်များပါဝင်သည် ကိုထုတ်ဖော်မပြောနိုင်သော်လည်း ပြည် တွင်းနိုင်ငံရေးအင်အားစုများနှင့် နိုင်ငံ တကာမှလည်း တိုင်းရင်းသားလက်နက် ကိုင်ညီလာခံမှထွက်ပေါ်လာသည့်ရလဒ် များကိုစောင့်ကြည့်ပြီး အပစ်အခတ်ရပ် စဲရေးလက်မှတ်ရေးထိုးရန် အဆုံးအ ဖြတ် ပေးနိုင်တော့မည်ဖြစ်သည်ဟု သိရသည်။

တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်ညီလာခံကို ဇူလိုင်၂၄ ရက်မှ ၂၆ရက်အထိကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၆ဖွဲ့ တက်ရောက် ခဲ့ကြသည်။ အဆိုပါတိုင်းရင်းသားလက် နက်ကိုင်၁၆ဖွဲ့တွင် အစိုးရနှင့် အပစ်ရပ်စဲရေး အတွက် သဘောတူညီချက်လက် မှတ်မရေးထိုးထားသည့် 'ဝ'နှင့်မိုင်းလား လက်နက်ကိုင်များပါ တက်ရောက်ခဲ့ သည်။
ပထမအကြိမ်တိုင်းရင်းသားလက် နက်ကိုင်ညီလာခံကို ၂ဝ၁၃ခုနှစ် အောက် တိုဘာလက ကချင်ပြည်နယ် လိုင်ဇာမြို့ ၌ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို လော် ခီးလာ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် ထိပ်သီးညီလာခံ ၌ဆွေးနွေးခဲ့ကြသည့် အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်မူကြမ်းအား လေ့ လာခြင်းအားဖြင့် တစ်နိုင်ငံလုံးရှိတိုင်း ရင်းသားလက်နက်ကိုင်များနှင့် အစိုးရ တို့ မကြာခင်လက်မှတ်ရေးထိုးနိုင်တော့ မည် ဖြစ်ကြောင်း ညီလာခံတွင်လေ့လာ စောင့်ကြည့်သူအဖြစ် ပါဝင်ခဲ့သူများ က သုံးသပ်ပြောဆိုကြသည်။

ဝင့်သဉ္ဇာကျော် (မြစ်မခ) - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၀)။
Yangon Media Group

No comments:

Post a Comment