Monday, July 28, 2014

အပစ်ရပ်မှု ရပ်ဆိုင်းပြီး ဂါဇာထိုးစစ် အစ္စရေး ပြန်စ


 Monday, July 28, 2014
ပါလက်စတိုင်း စစ်သွေးကြွများက အပစ်အခတ်ရပ်စဲမှုကို ငြင်းဆိုလိုက်ပြီး ဒုံးကျည်များဖြင့် ဆက်လက် တိုက်ခိုက်နေခြင်းကြောင့် အစ္စရေး တပ်မတော်က ဂါဇာထိုးစစ်ဆင်မှုကို ပြန်လည် စတင်လိုက်ပြီး ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်နေကြောင်း BBC
သတင်းတွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံက ကုလသမဂ္ဂအဖွဲ့၏ တောင်းဆိုချက် ဖြစ်သော ၁၂ နာရီကြာ လူသားချင်း စာနာထောက်ထားသော အပစ်ရပ်မှုကို လက်ခံခဲ့သော်လည်း စစ်သွေးကြွများက တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင်း ထိုးစစ်ဆင်မှု ပြန်လည် လုပ်ဆောင်ခြင်း ဖြစ်သည်။
ဂါဇာဒေသတွင်းရှိ အစ္စရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာပေးပြီး နေရပ်စွန့်ခွာ သွားသူများကို အိမ်ပြန်ခွင့် ပြန်မပေမးခြင်း အပစ်အခတ်ရပ်စဲမှုကို လက်ခံမည် မဟုတ်ဟု ပါလက်စတိုင်း ဟားမတ် စစ်သွေးကြွအုပ်စုက ထုတ်ပြန်လိုက်သည်။
ထို့အပြင် ဂါဇာဒေသခံ ၁၀၅၀ ဦး သေဆုံးပြီး အစ္စရေး စစ်သား ၄၂ ဦး၊ အရပ်သား သုံးဦးထိ သေဆုံးသွားပြီ ဖြစ်သည့် ရက် ၂၀ ကျော်ကြာ တိုက်ခိုက်မှုများ ရပ်ဆိုင်းနိုင်ရေး အလုံးစုံ သဘောတူညီချက် ပေါ်ပေါက်လာနိုင်ရေး အလှမ်းကွာဝေးနေသေးကြောင်း အစ္စရေး ဝန်ကြီးများက ပြောကြားလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဦးဆောင်ပြီး ဂါဇာပဋိပက္ခ ရပ်ဆိုင်းနိုင်ရေး ကြိုးပမ်းလျက် ရှိသော်လည်း တွေ့ဆုံဆွေးနွေးပွဲများကို အစ္စရေးနှင့် ပါလက်စတိုင်း ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိသဖြင့် တိကျသေချာသော အဖြေထွက်နိုင်ရေးမှာ အလှမ်းဝေးနေကြောင်း အစ္စရေး လုံခြုံရေးဝန်ကြီး အာဒန်က မှတ်ချက်ပြုသည်။
အီဂျစ်နိုင်ငံ ကြားဝင်စေ့စပ်ပေးသည့် ညှိနှိုင်းချက်ကို စဉ်းစား သုံးသပ်နေသည်ဟု ဟားမတ် အုပ်စု၏ မဟာမိတ် အဖွဲ့အစည်း တစ်ခုဖြစ်သူ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ ဒုတိယအကြီးအကဲက ပြောကြားသွားသော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။
အစ္စရေးနိုင်ငံတွင်းသို့ ဂါဇာဒေသမှ တစ်ဆင့် ဒုံးကျည်များဖြင့် တိုက်ခိုက်နေခြင်းကို ရပ်ဆိုင်းရန် ရည်ရွယ်ချက်ဖြင့် အစ္စရေး တပ်မတော်က ဇူလိုင် ၈ ရက်နေ့မှ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment