Wednesday, July 30, 2014

ဟားမာ့စ်တို့၏ မြေအောက် လိုဏ်ခေါင်း များကို အလုံးစုံ ဖျက်ဆီး သွားမည် ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ပြောကြား


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဂါဇာအရေးနှင့် စပ်လျဉ်း၍ အစ္စရေးတို့၏ ရည်မှန်းချက်ဖြစ်သည့် ဟားမာ့စ်အဖွဲ့၏ မြေအောက် ဥမင်လိုဏ်ခေါင်း များကို အလုံးစုံဖျက်ဆီးပြီးသည်အထိ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေး ပြောကြား ခဲ့သည်။ အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့တို့အား ကုလသမဂ္ဂနှင့် အမေရိကန် သမ္မတတို့က လူသားချင်း စာနာထောက်ထားကာ ချက်ချင်း အပစ်အခတ်

ရပ်စဲရန် တောင်းဆိုထားသော်လည်း အဆိုပါ တောင်းဆိုမှုကို နေတန်ယာဟုက ငြင်းဆိုခဲ့ပြီး ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက အစ္စရေး တိုက်လေယာဉ်များသည် ဟားမာ့စ်အဖွဲ့ဝန်ကြီးချုပ်ဟောင်း အစ္စမေးလ်ဟာနီယက်၏ နေအိမ်ကို ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း နေအိမ်တွင် တစ်ဦးတစ်ယောက်မျှ ရှိမနေသည့် အတွက် ထိခိုက် ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

သို့သော် ဇူလိုင် ၂၈ ရက်ညပိုင်းက အစ္စရေးဘက်မှ ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုသည် ဂါဇာမြို့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးရှစ်ဦး အပါအဝင် အရပ်သား ၁ဝ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနမှ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။
Photo: ဟားမာ့စ်တို့၏ မြေအောက် လိုဏ်ခေါင်း များကို အလုံးစုံ ဖျက်ဆီး သွားမည် ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ပြောကြား အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဂါဇာအရေးနှင့် စပ်လျဉ်း၍ အစ္စရေးတို့၏ ရည်မှန်းချက်ဖြစ်သည့် ဟားမာ့စ်အဖွဲ့၏ မြေအောက် ဥမင်လိုဏ်ခေါင်း များကို အလုံးစုံဖျက်ဆီးပြီးသည်အထိ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေး ပြောကြား ခဲ့သည်။ အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့တို့အား ကုလသမဂ္ဂနှင့် အမေရိကန် သမ္မတတို့က လူသားချင်း စာနာထောက်ထားကာ ချက်ချင်း အပစ်အခတ် ရပ်စဲရန် တောင်းဆိုထားသော်လည်း အဆိုပါ တောင်းဆိုမှုကို နေတန်ယာဟုက ငြင်းဆိုခဲ့ပြီး ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက အစ္စရေး တိုက်လေယာဉ်များသည် ဟားမာ့စ်အဖွဲ့ဝန်ကြီးချုပ်ဟောင်း အစ္စမေးလ်ဟာနီယက်၏ နေအိမ်ကို ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း နေအိမ်တွင် တစ်ဦးတစ်ယောက်မျှ ရှိမနေသည့် အတွက် ထိခိုက် ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။ သို့သော် ဇူလိုင် ၂၈ ရက်ညပိုင်းက အစ္စရေးဘက်မှ ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုသည် ဂါဇာမြို့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးရှစ်ဦး အပါအဝင် အရပ်သား ၁ဝ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနမှ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

No comments:

Post a Comment