Sunday, March 8, 2015

အလှပြင်ဆိုင်တွေမှာ တွင်ကျယ်စွာ အသုံးပြုလာတော့မယ့် မိခင်နို့ရည်

ချီကာဂိုက Mud Salon အလှပြင်ဆိုင် ပိုင်ရှင် Shama Patel ဟာ “မြို့ပြနေ အမျိုးသမီးများ ကြိုက်နှစ်သက်တဲ့ လျင်မြန်ပြီး ထိရောက်မှုရှိတဲ့ စိတ်ကူး တစ်စုံတစ်ခု ဖြစ်အောင်လို့ သူမအလှပြင်ဆိုင်မှာ ထားရှိတဲ့ မျက်နှာအလှကုန်ပစ္စည်းတွေ နေရာကို နို့နဲ့ အစားထိုးသုံးနိုင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း"
Fox က ရေးသားထားခဲ့ပါတယ်။
Association of Holistic Skin Care Practitioners ရဲ့ founder ဖြစ်သူ Elina Fedotova က "အလှပြင်ဆိုင်တွေမှာ မိခင်နို့တွေ နေရာယူလာ လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဝက်ခြံတွေ ထိန်းသိမ်းပေးပြီး နင်းခူနာကို သက်သာစေတဲ့အပြင် နို့မှာ ဘက်တီးရီးယားနဲ့ ရောဂါပိုးသေစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်"လို့လည်း သူမက ဆိုသွားပါတယ်။ သူမ အလှပြင်ဆိုင်မှာ သုံးနေတဲ့ နို့တွေမှာ ချီကာဂိုဒေသခံ မိခင်တွေဆီကနေ အရင်းမြစ် ရရှိထားတာဖြစ်ပြီး လူတွေရဲ့ မျက်နှာပေါ် လိမ်းကျံ အသုံးမပြုခင် ဆေးစစ်ချက်ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
Ref: Cosmopolitan

No comments:

Post a Comment