Sunday, March 8, 2015

ရာသီလာနေချိန်အတွင်း ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေ လုပ်ဆောင်ဖို့ သင့်တော်သလဲ

မေသော် on 2015-03-06 13:26
  • ဓမ္မတာရာသီသွေးပေါ်ချိန်မို့ နေ့တိုင်းမပျက်မကွက် လုပ်နေကျ ကိုယ်လက်လေ့ကျင့်ခန်းကို မလုပ်ချင်တော့ပဲ အနားယူဖို့ စဉ်းစားနေပြီလား။ တကယ်တော့ ရာသီလာချိန်မှာလည်း သူနဲ့သင့်တော်တဲ့ မပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးလေးတွေ လုပ်ပေးနိုင်ပါတယ်။ ဒါဟာ ရာသီလာချိန် သင့်ကို ပင်ပန်းစေတာမျိုးမဖြစ်ပဲ လန်းဆန်းမှုကိုတောင် ရရှိခံစားနိုင်ပါလိမ့်မယ်။
  • အကြောလျှော့ပေးပါ
  • အကြောလျှော့တာကလည်း လေ့ကျင့်ခန်းလုပ်သလိုပါပဲ။ နာကျင်မှုကြောင့် လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင် အကြောလျှော့ပေးတာမျိုးတော့ လုပ်ပေးသင့်ပါတယ်။ အိပ်ယာကထလိုက်တာနဲ့ ကြမ်းပြင်ပေါ်မှာထိုင်ပြီး အကြောလျှော့ပေးလိုက်ပါ။ ဒါဆို ပုံမှန်ထက်နေလို့ ကောင်းသွားပါလိမ့်မယ်။ အဲ့ဒီလို အကြောလျှော့နေချိန်အတွင်း အသက်ရှု လေ့ကျင့်ခန်းကိုပါ တွဲလုပ်ပေးနိုင်ပါတယ်။
  • တရားထိုင်ပါ
  • တရားထိုင်ခြင်းဟာ သင့်စိတ်အတွက် လေ့ကျင့်ခန်းလုပ်ပေးတာနဲ့ တူပါတယ်။ အထူးသဖြင့် ရာသီလာချိန်မှာ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများတာ၊ ဒေါသထွက်တာ၊ စိတ်ထဲ တင်းကျပ်နေလို့ မကောင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အချိန်မျိုးမှာ တရားထိုင်တာဟာ စိတ်တည်ငြိမ်စေပါတယ်။ ဒါ့ကြောင့် အနည်းဆုံး ၁၅မိနစ်ကနေ နာရီဝက်အထိ တရားထိုင်ဖို့ အချိန်ပေးကြည့်ပါ။
  • သိပ်မပြင်းထန်တဲ့ ယောဂကျင့်စဉ် တစ်ချို့ကို ကျင့်ပါ
  • နေ့စဉ်နေ့တိုင်း လုပ်လို့ရတဲ့ လေ့ကျင့်ခန်းဟာ ယောဂပါပဲ။ ရာသီလာချိန်မှာ ယောဂကျင့်တဲ့အတွက် ဘာဆိုးကျိုးမှမရှိပါဘူး။ သူက သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် သင့်ခန္ဓာကိုယ်က နာကျင်မှုဝေဒနာတွေကို လျော့ပါးသွားစေပါလိမ့်မယ်။
  • လမ်းလျှောက်ပါ
  • အရင်က ပြေးလေ့ရှိတဲ့သူတွေအတွက်တော့ ရာသီလာနေချိန်အတွင်း ပြေးတာမျိုးထက် လမ်းလျှောက်တာမျိုးကို ပိုအသားပေးလုပ်ဆောင်သင့်ပါတယ်။ ပြေးတာမျိုးက အခန့်မသင့်ရင် ပင်ပန်းနုံးချိသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လမ်းလျှောက်တာမျိုးလောက်သာ လုပ်ပေးပါ။ ရာသီလာနေချိန်မှာ ဘယ်အရာမှ အပြင်းအထန် မလုပ်ဆောင်ပါနဲ့။
  • Ref:womanitely.com

No comments:

Post a Comment