Monday, March 9, 2015

ISIS နှင့် ချိတ်ဆက်ထားသည့် Twitter account ၄၆,၀၀၀ ခန့်ရှိ

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ISIS ကို အားပေးထောက်ခံ သူများနှင့် ချိတ်ဆက်ထားသည့် Twitter account အနည်းဆုံး ၄၆,၀၀၀ ခန့်ရှိကြောင်း ဝါရှင်တန်မှ ထုတ်ပြန်ခဲ့သည့် သုတေသန အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြခဲ့သည်။
အဆိုပါ အစီရင်ခံစာကို Brookings Instiution မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နာမည်ကျော် messaging platform အနေဖြင့် account များကို ဖယ်ရှားခဲ့သည့်တိုင် ကိန်းဂဏန်းများ
ဆက်လက်မြင့်တက် နေဆဲဖြစ်ကြောင်း ဆိုခဲ့သည်။
“၂၀၁၄ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ Twitter account အနည်းဆုံး ၄၆,၀၀၀ ခန့်ကို ISIS အားပေးထောက်ခံ သူတွေက အသုံးပြုခဲ့ ကြပါတယ်။ ဒါပေမဲ့ ဒီ account အားလုံးက တစ်ချိန်တည်းမှာ အသုံးပြုခဲ့တာမျိုး မဟုတ်ပါဘူး” ဟု အထက်ပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
Tweet များတွင် ပါဝင်သည့် တည်နေရာများကို လေ့လာဆန်းစစ်ရာတွင် ISIS ထောက်ခံအားပေသူ အများစုကို ဆော်ဒီအာရေဗျတွင် တွေ့ရှိခဲ့ရပြီး ၎င်း၏နောက်တွင် ဆီးရီးယား၊ အီရတ်နှင့် အမေရိကန် ပြည်ထောက်စုတို့က အသီးသီး ရပ်တည်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ISIS ထောက်ခံအားပေးသူ ၁၅ အနက် ၅ ဦးသည် အင်္ဂလိပ်ဘာသာဖြင့် tweet များကို ရေးသားကြပြီး လေးပုံသုံးပုံခန့်က အာရပ်ဘာသာစကားဖြင့် tweet များ ရေးသားကြကြောင်း သိရသည်။
အထက်ပါ account များတွင် follower ဦးရေပျှမ်းမျှ ၁,၀၀၀ ခန့်ရှိပြီး Twitter သုံးစွဲသူ အများစုထက် မြင့်မားကြောင်းနှင့် ၎င်း account များသည် tweet များကို ရံဖန်ရံခါ ပေးပို့ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သုတေသီများကမူ လူမှုရေး မီဒီယာပေါ်မှာ အစွန်းရောက်ဝါဒကို တုံ့ပြန်ရန်အတွက် လူမှုရေးမီဒီယာ ကုမ္ပဏီများနှင့် အမေရိကန် အစိုးရတို့ အတူတကွဲ လက်တွဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Ref: AFP

No comments:

Post a Comment