Monday, March 9, 2015

သမ္မတ၊ တပ်ချုပ်နှင့် ကေအိုင်အေ ခေါင်းဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံမည်ဟု သတင်းထွက်ပေါ်

Monday, March 9, 2015
နိုင်ငံတော်သမ္မတ၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိပ်ပိုင်းခေါင်းဆောင်များ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်၌ တွေ့ဆုံမည်ဟု သတင်းအချို့ထွက်ပေါ်နေ သည်။မတ်လ ၁၂ ရက်နှင့် ၁၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သတင်း ဌာနအချို့က မတ်လ ၈ ရက်တွင် ရေးသားသည်။ နိုင်ငံတော် သမ္မ တ၊ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်တို့နှင့် တွေ့ဆုံပွဲသို့ ကေ အိုင်အိုဘက်မှ ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွန်မော်၊ အထွေ ထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဦးဆွမ်လွတ်ဂမ်တို့ ဦး ဆောင်
တက်ရောက်မည်ဖြစ် ကြောင်း ကေအိုင်အိုသတင်းရင်း မြစ်များက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အို(ဗဟို)သို့ ဆက်သွယ် မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်သော် လည်း အသေးစိတ်မသိရှိရသေး ကြောင်း ပြန်လည်ဖြေကြားသည်။
‘‘တွေ့တော့တွေ့မှာ သေချာပါတယ်။ ဘယ်နေ့လဲ၊ ဘယ်လိုလဲ ဆိုတာတော့ အသေးစိတ်မသိ သေးပါဘူး’’ဟု ကေအိုင်အို အ ဆင့်မြင့်အရာရှိတစ်ဦးကပြော သည်။
သမ္မတနှင့် တပ်မတော် အသိုင်းအ၀ိုင်းများကမူ ယင်း သတင်းနှင့် စပ်လျဉ်း၍ အတည်ပြုနိုင်ခြင်း မရှိကြောင်း ဆိုသည်။
‘‘စာနဲ့ တရားဝင်လာတာ လည်း မရှိသေးဘူး။ ၀န်ကြီး ဦး အောင်မင်းဘက်ကလည်း ဒါ့အ တွက် ဘာအတည်ပြုချက်မှ မရှိ သေးပါဘူး’’ဟု မြန်မာ့ငြိမ်းချမ်း ရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကပြော သည်။
မြစ်ကြီးနားအခြေစိုက် ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက သမ္မတ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ကေအိုင်အိုတို့ တွေ့ဆုံမည်ဟု ကြားသိနေရ သော်လည်း အသေးစိတ်မသိရှိရ ကြောင်း ဆိုသည်။
‘‘တွေ့မယ်လို့ ပြောသံပဲ ကြားရတာ မသေချာသေးပါဘူး’’ဟု ဦးလမိုင်ဂွန်ဂျာကပြောသည်။
ထိုကဲ့သို့ တွေ့ဆုံမည်ဟု သတင်းများထွက်ပေါ်နေသော် လည်း မတ်လ ၇ ရက်တွင် တပ် မတော်စခန်းတစ်ခုကို လာ ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရ ရှိသည်။
(၁၇) နှစ်ကြာ အပစ်အခတ် ရပ်စဲထားသော ကေအိုင်အေနှင့် အစိုးရတို့ ၂၀၁၁ ဇွန်လမှစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ သုံးနှစ်ကျော် ကာလအတွင်း ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး ရေးထိုး နိုင်ခြင်းမရှိသေးပေ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုတွင် ဦးအောင်မင်း၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် ကေအိုင်အေမှ ဗိုလ်ချုပ်ဂွန်မော်တို့ကို ရင်းနှီးစွာတွေ့ရစဉ် (ဓာတ်ပုံ − Myanmar Peace Center)
7Day Daily

No comments:

Post a Comment