Friday, March 13, 2015

ဖမ်းဆီးခံရသူများ မလွှတ်မချင်း လွှတ်တော်လုပ်ငန်းစဉ်များ မပါဝင်ဟု ဗကသထုတ်ပြန်

 ပင်မသပိတ်စစ်ကြောင်း မှ ဖမ်းဆီးခံရသည့် ကျောင်းသား များနှင့် ၀န်းရံသူများ မလွတ် မြောက်မချင်း လွှတ်တော်လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက် မည်မဟုတ်ကြောင်း ရန်ကုန်သို့ ရောက်ရှိနေသည့် ပင်မသပိတ် စစ်ကြောင်းမှ ဗကသများအဖွဲ့ ချုပ်ကျောင်းသားများက မတ်လ ၁၂ ရက်စွဲဖြင့် ကြေညာချက်ထုတ် ပြန်ခဲ့သည်။
ဗကသများအဖွဲ့ချုပ်သည် လွှတ်တော်လုပ်ငန်းစဉ်များကို ဆက်လက်ပါဝင်လုပ်ဆောင်ရန်
သဘောထားရှိသော်လည်း ဖမ်း ဆီးခံကျောင်းသားများနှင့် ၀န်းရံ သူများ မလွတ်မြောက်မချင်း ပါ ၀င်ရန် မသင့်ဟု ယူဆကြောင်းနှင့် ကျောင်းသားကိုယ်စားလှယ်အား လုံးမပါဝင်နိုင်သည့် ကြားနာပွဲများတွေ့ဆုံဆွေးနွေးပွဲများသည် ပြီး ပြည့်စုံမှုမရှိဟု သတ်မှတ်ယူဆ ကြောင်း အဆိုပါထုတ်ပြန်ချက် တွင် ရေးသားထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဗကသများ အဖွဲ့ချုပ်အနေဖြင့် ဖမ်းဆီးခံကျောင်းသား၊ ကျောင်း သူများနှင့် ၀န်းရံသူများအား ခြွင်း ချက်မရှိ ပြန်လွှတ်ပေးရန်၊ အ ကြမ်းဖက်မှုအတွက် တာဝန်ရှိသူ များအား ထိရောက်စွာ ဖော်ထုတ် အရေးယူပေးရန်၊ ကျွန်ုပ်တို့နှင့် သဘောတူညီပြီးဖြစ်သည့် လေး ပွင့်ဆိုင်ဆွေးနွေးပွဲမှ ကတိက၀တ် များအား ထပ်မံချိုးဖောက်ခြင်း မပြုရန်၊ ကျွန်ုပ်တို့၏ မူလတောင်း ဆိုချက် ၁၁ ချက်နှင့် ညီညွတ် သော အမျိုးသားပညာရေးဥပဒေ သစ်တစ်စုံကို အမြန်ဆုံးအတည် ပြုပြဋ္ဌာန်းပေးရန်စသည့် အချက် လေးချက် တောင်းဆိုခဲ့သည်။
ဗကသများအဖွဲ့ချုပ်အနေ ဖြင့် ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက် နေ့လယ်က ရဲများက အကြမ်းဖက်ရိုက်နှက် ဖြိုခွဲဖမ်းဆီးခဲ့သည့် လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပြီး ယင်းကိစ္စ ကြောင့် နောက်ဆက်တွဲမတည် မငြိမ်မှုများ ဖြစ်နိုင်သည့်အပြင် လူထုနှင့် နိုင်ငံတကာအသိုင်းအ ၀ိုင်းမှ လက်ရှိအစိုးရအပေါ် အယုံ အကြည်ကင်းမဲ့မှုများ များစွာဖြစ် ပေါ်စေသည့် အကျိုးဆက်များမှာ  သပိတ်မှောက်ကျောင်းသားများ ၏ တာဝန်မဟုတ်ဘဲ အကြမ်းဖက် မှုများ ဖန်တီးသူအစိုးရတာဝန်သာ ဖြစ်ကြောင်း အသိပေးလိုက်သည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
မတ်လ ၁၁ ရက်တွင် ဖမ်း ဆီးခံကျောင်းသား၊ ကျောင်းသူ များနှင့် ၀န်းရံသူများအား တရားရုံးချိန်းကျော်လွန်သည်အထိ ရုံး ထုတ်အမှုမှတ် တရားစွဲနေခြင်းမှာ လည်း ဥပဒေဘောင်ကို ကျော် လွန်လုပ်ဆောင်သည့် လုပ်ရပ် တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဗကသ များအဖွဲ့ချုပ်မှ ဦးဆောင်သည့် ပင်မသပိတ်စစ်ကြောင်းကို ရဲများ ကဖြိုခွင်းဖမ်းဆီးရာ၌ ဒီမိုကရေ စီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နှင့် ကိုအောင်မှိုင်း တို့ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကိုနန္ဒစစ်အောင်၊ ကိုစိုးလှိုင်နှင့် ကိုအောင်နေပိုင်တို့မှာ တိမ်း ရှောင်လျက်ရှိသည်။
ထို့ကြောင့် အမျိုးသားလွှတ် တော်၌ မတ်လ ၁၆ ရက်တွင် ထပ်မံပြုလုပ်မည့် ပြင်ဆင်ထား သည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သပိတ်မှောက် ကျောင်းသားများ၏ ကြားနာပွဲသို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ တကသနှင့် မြေလတ်ဗကသများမှ ကျောင်းသားခေါင်းဆောင် ကိုးဦးသာ တက်ရောက်နိုင်မည်ဖြစ်ကြောင်း အဆိုပါ ကျောင်းသားခေါင်း ဆောင်များကဆိုသည်။

By

No comments:

Post a Comment