Wednesday, March 25, 2015

တင်ပါးဒဏ်ရာကြောင့် ယူရိုခြေစစ် ပွဲစဉ်ကို စတာရစ်ခ်ျ လွဲချော်


 
 
လီဗာပူးလ်အသင်း တိုက်စစ်မှူးစတာရစ်ခ်ျသည် တင်ပါးဒဏ်ရာကြောင့် အင်္ဂလန်အသင်း ယှဉ်ပြိုင် ကစားရမည့် ယူရိုခြေစစ် ပွဲစဉ်တွင် ပါဝင် နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။ အင်္ဂလန် အသင်းသည် လာမည့် သောကြာတွင် ယူရို ၂၀၁၆ ခြေစစ် ပွဲစဉ် အဖြစ် လစ်သူယေးနီးယားနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး နောက် (၃) ရက်အကြာတွင် အီတလီနှင့် ခြေစမ်းပွဲစဉ်အဖြစ် ဆက်လက်
ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အသက် (၂၅)နှစ် အရွယ်ရှိ စတာရစ်ခ်ျသည် မန်ယူကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် တင်ပါး ဒဏ်ရာရခဲ့သဖြင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပြီးနောက် မိခင်ကလပ် အသင်းကို ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။ လီဗာပူးလ် ကွင်းလယ် ကစားသမား လယ်လာနာက မှာလည်း ဒဏ်ရာရရှိနေ သောကြောင့် အင်္ဂလန် အသင်း လူစာရင်းမှ နုတ်ထွက်ခဲ့ ရသည်။ အက်ဖ်အေ၏ ကြေညာချက်တွင် စတာရစ်ခ်ျသည် တင်ပါးဒဏ်ရာ ရရှိနေ ခြင်းကြောင့်  အင်္ဂလန်အသင်း လူစာရင်းတွင် ပါဝင်နိုင် တော့မည် မပာုတ်ကြောင်း ဖော်ပြပါရှိ ခဲ့သည်။ စတာရစ်ခ်ျသည် ပြီးခဲ့သည့် ကမ္ဘာ့ ဖလား တွင်လည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရဖူးသည်။ အင်္ဂလန် အသင်း တိုက်စစ်တွင် စတာရစ်ခ်ျ ဒဏ်ရာကြောင့် နုတ်ထွက်သွား သဖြင့် ရွန်နီ၊ ဟယ်ရီကိန်းနှင့် ၀ဲလ်ဘတ်တို့ (၃) ဦးသာ ကျန်တော့သည်။

No comments:

Post a Comment