Wednesday, March 25, 2015

ဒီဂီယာကို နင်းခဲ့မှုဖြင့် စကာတယ်ကို အက်ဖ်အေစွဲချက်တင်




 Wednesday, March 25, 2015

လီဗာပူးနောက်ခံလူ မာ တင်စကာတယ်သည် တနင်္ဂနွေ  နေ့က မန်ယူနှင့်ပွဲတွင် မန်ယူဂိုး သမား ဒီဂီယာကို နင်းခဲ့မှုအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ် အေ၏ စွဲဆိုခြင်းခံနေရသည်။
စကာတယ်သည် ထိုပွဲတွင် ပွဲပြီးခါနီး၌ ဒီဂီယာကို ပြစ်ဒဏ် ကျုးလွန်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကွင်းလယ်ဒိုင်နှင့် လက်ထောက် ဒိုင်များက မမြင်ခဲ့သော်လည်း နောက်ကြောင်းပြန် ရုပ်သံပြကွက် များဖြင့် အဖွဲ့ချုပ်က
အရေးယူ ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
အက်ဖ်အေက ၎င်းကို ကြမ်း တမ်းစွာ ပြုမူမှုဖြင့် စွဲချက်တင် ထားပြီး ပြန်လည်ဖြေရှင်းရန် သတ်မှတ်ထားသည်။
စကာတယ်သည် ပြစ်မှုထင် ရှားပါက သုံးပွဲပယ်ပြစ်ဒဏ်ကျခံ ရမည်ဖြစ်ကာ အာဆင်နယ်၊ နယူး ကာဆယ်နှင့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲ ဘလက်ဘန်း နှင့်ပွဲများကို လွဲချော်ရမည်ဖြစ် သည်။
လီဗာပူးသည် မန်ယူကို ရှုံး ခဲ့ပြီးနောက် ပဉ္စမနေရာရောက် သွားပြီး ငါးမှတ်ကွာဟသွားရ သည်။ 

No comments:

Post a Comment