Tuesday, March 24, 2015

နိုင်ငံ့ဝန်ထမ်းများအတွက် တိုးပေးမည့် လစာနှုန်းထား ၂၅ ရက် ကက်ဘိနက်အစည်းအဝေးအပြီးတွင် လွှတ်တော်သို့ ပေးပို့နိုင်မည်ဟုဆို

 

 Tuesday, March 24, 2015

ရုံးဆင်းချိန် ၀န်ထမ်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
 နိုင်ငံ့ဝန်ထမ်းများ အား တိုးမြှင့်ပေးမည့် လစာနှုန်း ထားသတ်မှတ်ချက်များကို မတ် လ ၂၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး (ကက်ဘိနက်)၌ အတည်ပြု သတ်မှတ်မည်ဖြစ်ကာ ယင်းအ စည်းအဝေးအပြီးတွင် လျာထား
သတ်မှတ်နှုန်းထားများကို ပြည် ထောင်စုလွှတ်တော်သို့ ပေးပို့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မတ်လ ၂၀ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌  အတည်ပြု လိုက်သော  အရေးကြီးအဆိုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက လွှတ်တော်သို့  မတ်လ ၂၃ ရက်တွင် ပေးပို့သည့် အကြောင်းပြန်ကြား ချက်၌  အထက်ပါအတိုင်း ထည့်သွင်း အကြောင်းပြန်ခဲ့ခြင်း ဖြစ် သည်။
လစာနှုန်းထားများ တိုးမြှင့်ရန် အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပြီး  နောက်ဆုံးအဆင့်ဖြစ်သည့် လျာထားနှုန်းထားများ အတည်ပြုကာ အမိန့်ကြော်ငြာစာများ   ထုတ်ပြန်နိုင်ရေးအတွက် အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုချက်ရယူနိုင်ရန် လိုအပ်သဖြင့် ၂၅ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးပြီးလျှင် လွှတ်တော်သို့ ပေးပို့မည် ဖြစ်ကြောင်း သမ္မတက အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။ ‘‘အစည်းအဝေး ပြီးမှဆိုတော့ ညဘက်ပြီးရင် ၂၅  ရက်နေ့တော့ လွှတ်တော်ဘယ်ရောက်တော့မလဲ။ ၂၆ ရက်ဆိုရင်တော့ကျိန်းသေရောက်ပြီ။ ကျွန်တော်တို့ဘက်ကတော့ လမကုန်ခင်ရောက်ရင်  ဘယ်ရက်ရောက် ရောက် အဆင်ပြေပါတယ်’’ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော် မတီ ဒုဥက္ကဋ္ဌက ပြောသည်။

လစာနှုန်းထားများတိုးမြှင့် ပေးမည့် လျာထားချက်စာရင်းကို မတ်လ ၂၃ ရက် နောက်ဆုံးထား ၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ရန် အစိုးရအား တိုက်တွန်း ကြောင်း အရေးကြီးအဆိုကို ဥပ ဒေကြမ်းပူးပေါင်းကော်မတီ အ တွင်းရေးမှူး ဦးစောလှထွန်းက မတ်လ ၂၀ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးသို့ တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ ၂၀၁၅ ပြည်ထောင်စု၏  ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ  ဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည် ထောင်စုလွှတ်တော်သို့ တင်ပြရာ တွင် နိုင်ငံ့ဝန်ထမ်းများအတွက် လစာစရိတ်အတွက် စုစုပေါင်း ကျပ်ငွေ ၂ဒသမ၉၀၁ ထရီလီယံ လျာထားသတ်မှတ်ထားသည်။

No comments:

Post a Comment