Tuesday, March 24, 2015

လီမင်ဟိုနဲ့ ဆူဇီ ချိန်းတွေ့နေတယ်လို့ အေဂျင်စီတွေ အတည်ပြု

 

 Tuesday, March 24, 2015

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီမင်ဟိုနှင့် သရုပ်ဆောင်အဆိုတော် ဆူဇီတို့ ချိန်းတွေ့နေသည်မှာ တစ်လခန့် ရှိပြီဟု လီမင်ဟို၏ အေဂျင်စီနှင့် ဆူဇီ၏ အေဂျင်စီတို့က မတ်လ ၂၃ ရက်တွင် အတည်ပြုပြော ကြားလိုက်သည်။
ကေဒရာမာကြယ်ပွင့် လီမင် ဟိုနှင့် miss A ကေပေါ့ပ်အဖွဲ့ ဝင်ဆူဇီတို့
ချိန်းတွေ့နေသည်မှာ နှစ်လခန့်ရှိပြီဟု ကိုရီးယားဖျော် ဖြေရေးသတင်းမီဒီယာတစ်ခုဖြစ် သော Dispatch က မတ်လ ၂၃ ရက် နံနက်အစောပိုင်းတွင် ဓာတ်ပုံ အထောက်အထားများနှင့်တကွ ဖော်ပြခဲ့ပြီးနောက် အေဂျင်စီများ က အတည်ပြုပြောကြားခဲ့ခြင်းဖြစ် သည်။
လီမင်ဟိုနှင့် ဆူဇီတို့သည် မတ်လ ၁၀ ရက်တွင် ၎င်းတို့၏ ရိုက်ကူးရေးများအတွက် ဥရောပ သို့ သွားရောက်ခဲ့စဉ် ရက်အတန်ကြာချိန်းတွေ့ခဲ့ကြသည်ဟု Dis−patch သတင်းက ဖော်ပြထားသည်။ထို့အပြင် ၎င်းတို့စုံတွဲသည် ပြည်ပရိုက်ကူးရေးများမရှိသည့်အခါ တွင်လည်း ဆိုးလ်မြို့၌ နေ့တိုင်း နီးပါးချိန်းတွေ့ခဲ့ကြသည်ဟု Dispatch က ဖော်ပြသည်။
လီမင်ဟိုသည် City Hunter ဒရာမာဇာတ်လမ်းတွဲ၌ ၎င်းနှင့်တွဲ ဖက်သရုပ်ဆောင်သော ပတ်မင် ယောင်းနှင့် လအနည်းငယ်ကြာ တွဲခဲ့ဖူးသူဖြစ်သည်။ Miss A ဆူဇီ သည် လီဂျောင်ဆော့၊ ဆောင်း ဂျွန်နှင့် ကင်ဆူဟွန်းတို့နှင့် ချိန်း တွေ့သည့်သတင်းများပေါ်ထွက် ဖူးသော်လည်း အေဂျင်စီက အဆို ပါသတင်းများမှာ ကောလာဟလ များဟု ဆိုခဲ့သည်။
—Ref: SBS

No comments:

Post a Comment