အလှူထမင်းဟင်းစားပြီး အစာအဆိပ်သင့်ဖြစ်ကာ မူးဝေ အော့အန်ပြီး မတ် ၂၃ ရက် ည ၈ နာရီခန့်က မြောင်းမြပြည်သူ့ ဆေးရုံသို့ ရောက်ရှိလာသော ကျေးရွာပြည်သူများ ဆေးကုသမှု ခံယူပြီး သက်သာကောင်းမွန်လာသောကြောင့် ယနေ့ နံနက် ၇ နာရီခွဲခန့်က ကျေးရွာဒေသများဆီသို့ ပြန်ကြပြီဖြစ်ကြောင်း သိရသည်။
မူးဝေအော့အန်ကာ အစာအဆိပ်သင့် ကျေးရွာပြည်သူများ ကို မြောင်းမြခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက ကူညီဆောင်ရွက်ခဲ့ကြပြီး မြောင်းမြခရိုင် ပြည်သူ့ဆေးရုံအုပ်နှင့် တာဝန်ရှိဆရာ ဆရာမများ၊ သူနာပြုများ၊ ပြင်ပပုဂ္ဂလိကဆေးရုံ များမှ ဆရာဝန်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဆရာဝန် များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ကုသပေးမှုကြောင့်